Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မရမ်းကုန်းမြို့နယ်တွင် အမီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ပဌာန်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက အသက်(၁)နှစ် မှ (၅)နှစ် အထိ Catch up immunization အမီလိုက်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်းရှိ ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် ထောက်ပံ့ပေးအပ်
Jun 02,2024
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာမှ ကျောင်းအပ်နှံခြင်း မပြုရသေးသည့် ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် သွားရောက်အားပေး ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင် ကျင်းပ
Jun 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၂၁)ကြိမ်မြောက်ပရိယတ္တိသာသနပါလစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ချီးမြှင့်သည့် ဆုနှင်းသဘင်ကို ယမန်နေ့၊ နေ့လယ်ပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့တွင် “သဒ္ဓမ္မဇောတိကဓဇနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့ရရှိတော်မူသော ဒေါ်ကုသလဉာဏီအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲပြုလုပ်
Jun 02,2024
နိုင်ငံတော်မှ ဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်နှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များရရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ညောင်ပင်သာ (၃) လမ်း၊ သုဇနကာရီပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယကဆရာကြီး ဒေါ်ကုသလဉာဏီအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို အဆိုပါ စာသင်တိုက်အတွင်း၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်လာသူများ၏ ရင်တွင်းစကားသံများ
Jun 02,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူနိုင်စေရေးအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ကြီးကြပ်မှုကော်မတီနာယကဦးမြင့်ဦး(မြို့နယ်ပညာရေးမှူး-ငြိမ်း)၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးအုန်းမြင့်၊ အ.ထ.က(၁)အထက်တန်းပြဆရာမဒေါ်ခင်ထွေးရီ၊ မိဘ/ကျောင်းအကျိုးတော်ဆောင်ဦးမျိုးအောင်နှင့် အ.ထ.က(၁)ကျောင်းသူမဆောင်းနှင်းရွှေစင်တို့၏ ရင်တွင်းစကားသံများ တင်ပြလိုက်ပါသည်-
အပြည့်အစုံ ဖတ်ရန်
ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်ခြင်းနှင့် အရံစေတ…
Jun 02,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန်ကြာမှောက်၊ ကြာလှန်နှင့်ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ(၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေစည်းခုံစေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်ကင်းစင်ရေးလှုပ်ရှားမှု ဆောင်ရွက်
Jun 02,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ် ပလတ်စတစ်ကောက်ယူ ရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ပုဂံမြို့ဟောင်းရှိ ဗူးဘုရားစေတီမှ ဆာကူရာလမ်းဆုံမီးပွိုင့် အထိ လမ်းဘေးဝဲယာမှ ပလတ်စတစ်အမှိုက်များအား ကောက်ယူခြင်းနှင့် မီးမလောင်ကျောင်း အရှေ့ဘက်ကွင်းပြင်ထဲရှိ ပလတ်စတစ်အမှိုက်များအား ကောက်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်၌ မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5951
Page
5952
Page
5953
Page
5954
Current page
5955
Page
5956
Page
5957
Page
5958
Page
5959
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department