အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဇွန် ၁ ရက်နေ့နံနက်ပိုင်းက မြို့ပေါ်အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စုရပ်ကာ အုပ်စု(၆)စုခွဲ၍ ရပ်ကွက်ရှိနေအိမ်များ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 03,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်တွင် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် နွားမွေးမြူရေးအသင်းသစ်များဖွဲ့စည်းနိုင်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့၊ ပြင်ဦးလွင်မြို့မဈေးကြီး ဈေးသမဝါယမအသင်းမှ အမှုအဆောင်အဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ဇေယျတို့သည် ဇွန်လ ၁ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် နို့စားနွားမွေးမြူထားသည့် တောင်သူများနှင့်တွေ့ဆုံ၍ နွားမွေးမြူရေးအသင်းသစ်များဖွဲ့စည်းနိုင်ရေး ကွင်းဆင်း၍ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အရှင်ဣန္ဒ (ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်) ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ရွှေသဲကုန်း ဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာသင်တန်းကို ယမန်နေ့နံနက်(၈)နာရီကစ၍  ရပ်ကွက်(၄)၊ ပေါက်​တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ တပ်မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jun 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ကြောင်း သိရသည်။
Jun 03,2024
မျိုးဆက်လူငယ်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ် ကျင်းပသည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား နွေရာသီသင်တန်းဆင်းကလပ်များ တိုက်ကွမ်ဒိုပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
Jun 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီကစ၍ အသက် (၁)နှစ်မှ (၅)နှစ်အထိ Catch up Immunization အမီလိုက်ကာကွယ်​ဆေး ၅ မျိုးစပ်နှင့် ၁၈ နှစ်အထက်ပြည်သူများကို ကိုဗစ်​ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းများကို ရပ်ကွက်အသီးသီး၌ စတင်ဆောင်ရွက်ခဲ့​ကြသည်။