Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာကေတဇိနမာန်အောင်စေတီတော်တွင် ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီး ဝိဇာတမင်္ဂလာကျင်းပမည်
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင် စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်- နေပြည်တော်အမြန်လမ်း (၉၈)မိုင်၊ အရှေ့ဘက်(၁)မိုင်အကွာရှိ နဂါးညီနောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တအာဒိစ္စဝံသ ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မဂ်လာကို နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီထိ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာသင်ကြားနိုင်ရေး တွေ့ဆုံဆွေးနွေး
Jun 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျောင်းနေရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်အောင်-၂ ဓမ္မာရုံ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးသွားမည်
Jun 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးများရိတ်သိမ်းပြီးနောက် မိုးသီးနှံစပါးဆက်လက်စိုက်ပျိုးနိုင်ရန် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့အတွင်း ပတ္တမြားကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠ ဂုရု၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တအရိယဝံသ၏ အန္တိမအဂ္ဂဈာပန သာဓုကီဠနသဘင် အခမ်းအနားပ…
Jun 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့အတွင်း ပတ္တမြားပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တအရိယဝံသ၏ အန္တိမအဂ္ဂဈာပနသာဓုကီဠနသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက် ယာယီမဏ္ဏပ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ မွန်ပြည်နယ်…
Jun 02,2024
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အောင်ပွဲရ မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အားကစားမြှင့်တင်ခြင်းသည် နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်တည်ဆောက်ခြင်းဖြစ်သည်၊ အားကစားအောင်နိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားသည်ဟူသော ခံယူချက်ဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်မှာ အားကစားကို
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ခုနှစ်သောင်းကျော် စိုက်ပျိုးသွားမည်
Jun 02,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြ…
Jun 02,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5950
Page
5951
Page
5952
Page
5953
Current page
5954
Page
5955
Page
5956
Page
5957
Page
5958
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department