အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ပန်တောင်ရွာအနီးရှိ ပန်တောင်ရေထွက်(ရေပြာအိုင်)တွင် ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ အဆိုပါရေထွက်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များပေါများသဖြင့် နှစ်စဉ်ကဆုန်လအတွင်း နေရာဒေသ အသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျွန်းလှမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာအထက်တန်းနှင့် ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
Jun 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ဖြန့်ဖြူးပေးအပ်ပွဲနှင့် မြေမြှုပ်စိုက်ပျိုးရေးကြဲပက်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ၊ ကွင်းအမှတ်(၅၃၄)၊ ဦးပိုင်အမှတ်(၈၉/၃)(၈၉/၄)၊ တောင်သူ ဦးကျော်မျိုးလွင်(၇)ဧက၊ ဦးပိုင်အမှတ်(၆၇/၄) တောင်သူဦးဖိုးဂျွန်း(၂)ဧက လယ်မြေများပေါ်သို့ မြေမြှုပ်စိုက်ပျိုးရေး ကြဲပက်ခဲ့ကြသည်။
Jun 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကားကြီးဝန်းရှေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 02,2024
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား အရိပ်ရပျိုးပင်များပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာအလယ်တန်းကျောင်းခွဲအနီးတွင် ကျင်းပရာပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့်ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။   
Jun 02,2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကမ္ဘာမြေလှပရေးနှင့် စားရေရိက္ခာဖူလုံရေး သစ်ပင်စိုက်ပျိုးထိန်းသိမ်းပေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 02,2024
သစ်တော၊ သစ်ပင်နှင့်ဇီဝမျိုးကွဲများကို ချစ်မြတ်နိုးတတ်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုသိရှိနားလည်ပြီး သစ်တောများ၏ အကျိုးကျေးဇူးများသိရှိနားလည်စေရန် သစ်တောသစ်ပင်နှင့်ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင် ဟော‌‌ပြောပွဲများဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အ.ထ.က(ခွဲ)အ.လ.က(၂)ရွှေမင်းဝံကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး" ဟောပြောပွဲဆောင်ရွက်ခဲ့သည်။