အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ ဂျိန်းဖောသူရက်ကန်းလုပ်ငန်းနှင့် ပြည်နယ်တစ်ဝှမ်းလုံး ကျောင်းသုံးဗလာစာအုပ် ၁၅၀၀၀၀ ထုတ် လုပ်ဖြန့်ဝေလျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jun 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းအပ်နှံခြင်းများ မကျန်ရှိစေရေးအတွက် နေပြည်တော် ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 02,2024
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် (Biometric)ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦး​ကျော်​ကျော်ဝင်းနှင့်အဖွဲ့က ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန် ၂ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း​ဆောင်ရွက်​ပေးခဲ့သည်။
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာ​ကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် (Biometric Data)များ ဆောင်ရွက်ခြင်းကို ၃/ရန်ပြေရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက်(၁၀:၀၀)နာရီ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅၁)ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၄၁)တိုးချဲ့ရပ်ကွက်၊ ဓမ္မာရုံတွင်တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်ဝင်းအောင်ဦးဆောင်သည့်အဖွဲ့က အမှတ်(၅)ရပ်ကွက်အတွင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2024
“ကလေးငယ်တိုင်းရောဂါကင်းဝေးရေး ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံတိုက်ကျွေးပေး” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို (Catch-up)နည်းလမ်းဖြင့် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်ကန်ဘဲ့ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။