ညောင်ဦး မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန်ကြာမှောက်၊ ကြာလှန်နှင့်ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ(၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေစည်းခုံစေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေစည်းခုံစေတီတော်ကြီး ကြာမှောက်၊ ကြာလှန်နှင့်ရွဲလုံးကြီးများရှိ ရွှေစင်၊ ရွှေပြားများ ပြန်လည်သန့်စင်ခြင်း ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ(၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေး ရွှေသင်္ကန်းပြန်လည်ကပ်လှူမည်ဖြစ်ရာ ပျက်စီးယိုယွင်းနေသည့် ကြေးပြားများပေါ်မှ ရွှေစင်ရွှေသားများ ပြန်လည်ကပ်လှူမည်ဖြစ်ကြောင်း၊ ရွှေစည်းခုံ စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါ တရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံ စေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း (၂၆၀၀၀) ဖြင့် ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း