လယ်ဝေး မေ ၂
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာမှ ကျောင်းအပ်နှံခြင်း မပြုရသေးသည့် ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် သွားရောက်အားပေး ထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့က ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေးသည် ကလေးငယ်များ၏ အနာဂတ် နိုင်ငံတော်၏ မျိုးဆက်သစ်များအတွက် အလွန်အရေးပါကြောင်း၊ လူငယ်များ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည်စုံစေရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားငယ်သမီးငယ်များအား အချိန်မီ ကျောင်းအပ်နှံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့က ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးအား ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များ၊ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)