မရမ်းကုန်းမြို့နယ်တွင် အမီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်

မရမ်းကုန်း ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ပဌာန်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက အသက်(၁)နှစ် မှ (၅)နှစ် အထိ Catch up immunization အမီလိုက်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံသူ ကလေးငယ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  Catch up immunization အမီလိုက်ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့သည်။

ဆေးထိုးနှံရာတွင် ကလေးငယ်များ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးအဖွဲ့တွင် ပါ၀င်ကူညီသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ယဉ်မော်(ပြန်/ဆက်)