ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်ကင်းစင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ညောင်ဦး ဇွန် ၂

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ် ပလတ်စတစ်ကောက်ယူ ရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ပုဂံမြို့ဟောင်းရှိ ဗူးဘုရားစေတီမှ ဆာကူရာလမ်းဆုံမီးပွိုင့် အထိ လမ်းဘေးဝဲယာမှ ပလတ်စတစ်အမှိုက်များအား ကောက်ယူခြင်းနှင့် မီးမလောင်ကျောင်း အရှေ့ဘက်ကွင်းပြင်ထဲရှိ ပလတ်စတစ်အမှိုက်များအား ကောက်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှ အသင်းသား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ အသင်းသား/သူများ၊ ဟိုတယ် လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ဝန်ထမ်းများသည် ညောင်ဦးမြို့ ပုဂံမြို့ဟောင်းရှိ ဗူးဘုရားစေတီမှ ဆာကူရာလမ်းဆုံ မီးပွိုင့်အထိ လမ်းဘေးဝဲယာမှ ပလတ်စတစ်အမှိုက်များအား ကောက်ယူခြင်းနှင့် မီးမလောင်ကျောင်းအရှေ့ဘက်ကွင်းပြင်ထဲရှိ ပလတ်စတစ်အမှိုက်များအား ကောက်ယူရှင်းလင်းသွားရာ လမ်းဘေးဝဲယာ တစ်လျှောက် ပလတ်စတစ်များ ကောက်ယူခဲ့ကြကြောင်း၊ ပလတ်စတစ်အမှိုက်များကောက်ယူ၍  စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကျင်းသို့ စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း