ဇီးကုန်း ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်တွင် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၈)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၂)ကျောင်း စုစုပေါင်း(၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ပြီး၊ ကျောင်းအပ်နှံထားသော ကျောင်းသားဦးရေ(၁၀၃၂၈)ဦးရှိကြောင်း၊ ယနေ့တွင် အခြေခံပညာကျောင်းအားလုံး စတင်ဖွင့်လှစ်၍ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင့်ဆွေ (ပြန်ဆက်)