အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်စေရေး စသည့်ရည်ရွယ်ချက်များနှင့် သစ်တောဦးစီးဌာန၏ ပျိုးဥယျာဉ်များတွင် ၂၀၂၄ ခုနှစ် မိုးရာသီအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူထုထံဖြန့်ဝေမည့် ပျိုးပင်ပေါင်း ၅၀၀၀၀ ကျော် ပျိုး‌ထောင်ထားရှိပြီး လက်ရှိတွင် သစ်ပင်ပျိုးပင်များ လာရောက်ယူဆောင်သော ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများထံသို့ ဖြန့်ဝေပေးလျက်ရှိ‌‌ကြောင်း တောအုပ် စိုင်းအောင်သင်းထံမှ သိရသည်။
Jun 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်(၈)နာရီက လိုက်လံကြည့်ရှုခဲ့ကြသည်။
Jun 03,2024
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများကို အေးချမ်းစွာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး ပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ အပတ်စဥ်တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိသည်။
Jun 03,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရဲလွန်းကျော်ကျေးရွာရှိ ရဲလွန်းကျော်တိုက်နယ်ဆေးရုံတွင် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဆေးရုံးဝင်းအတွင်း ကျင်းပခဲ့သည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းက စတင်၍ ကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေးအသိပညာ‌ပေး Campaign အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈:၃၀) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။