သဲကုန်းမြို့နယ် ၌ ၂၀၂၄-၂၀၂ ၅ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/ ကျောင်းသူများပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

သဲကုန်း ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင်ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မှီကျောင်းအပ်နှံနိုင်ရေးကိုလည်း မိဘဆရာအသင်းများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ ဆရာမများမှ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၆)ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်း (ခွဲ) ကျောင်း(၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၀)ကျောင်း၊ မူလတန်းကျောင်း(၁၆၀)ကျောင်း၊ မူလတန်းခွဲ(၃) ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း (၁၉၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းတို့၌ KG တန်းမှ G-12 တန်းတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၇၀၆) ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် (၉၇) ဦး လာရောက်အပ်နှံပြီးဖြစ်ရာ မေလ ၂၃ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ပြီး KG တန်းမှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို (အခမဲ့) ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)