အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ခု ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
Jun 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ရှိ အခြေခံပညာကျောင်းများတွင် ယနေ့မှစတင်ပြီး ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ကျောင်းတက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Jun 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၂၀ ရှိရာ ယနေ့ နံနက်ပိုင်းတွင် စာသင်ကျောင်းအားလုံး ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ပြီး ကျောင်းသား/ကျောင်းသူ အနာဂတ်ကလေးငယ်များ အေးချမ်းစွာဖြင့် ပညာစတင်သင်ကြားနေပြီဖြစ်သည်။
Jun 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များအတွက် သင်တန်းများကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Jun 03,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ယနေ့၊ ကျောင်းဖွင့်ရက် ပထမနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည်။
Jun 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ(၃)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။