ပြင်ဦးလွင် ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် နွားမွေးမြူရေးအသင်းသစ်များဖွဲ့စည်းနိုင်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့၊ ပြင်ဦးလွင်မြို့မဈေးကြီး ဈေးသမဝါယမအသင်းမှ အမှုအဆောင်အဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ဇေယျတို့သည် ဇွန်လ ၁ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် နို့စားနွားမွေးမြူထားသည့် တောင်သူများနှင့်တွေ့ဆုံ၍ နွားမွေးမြူရေးအသင်းသစ်များဖွဲ့စည်းနိုင်ရေး ကွင်းဆင်း၍ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒီဇင်ဘာနို့စားနွားမွေးမြူရေးခြံသို့ ကွင်းဆင်းခဲ့ခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးမှ မြို့နယ်သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ကာ နွားမွေးမြူရေး အသင်းသစ်များ ဖွဲ့စည်းနိုင်ရေး၊ မိမိဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများအားလုံး အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြူလူသစ်(ခရိုင်၊ ပြန်/ဆက်)