အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ရန်ပုံငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 04,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေနှင့် စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) ၌ နွေနှမ်း(FS - RS) ဆင်းရတနာ (၄) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Jun 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ စာပြန်/ စာဖြေပွဲတော်ကြီးအခမ်းအနားကို ဇွန်လ (၂)ရက်နေ့ နံနက် ၇ နာရီ ကကျင်းပပြုလုပ်ခဲ့ပြီး ယနေ့နံနက် ၇ နာရီအချိန်က (၇၀)ကြိမ်ပြည့် သာသနဟိတပရိယတိအာဂုဏ် စာပြန်ပွဲတော်ကြီးကို ထီးဖြူတော်ဖွင့်မိုး၍ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စာပြန်/စာဖြေပွဲတော်ကြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဆရာတော်/ သံဃာတော်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jun 04,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 04,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Jun 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစိမ်းလန်း စိုပြည်ရေးနှင့် စိုက်ခင်းအမျိုးအမျိုးအတွက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် မဲဇလီ၊ ဒဟတ်၊ ဖျောက်ဆိပ်၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ တမာစသည့် ပျိုးပင်မျိုးစုံ (၆၄၇၆၃) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
Jun 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် ( ၇/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။
Jun 04,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သ/မဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။