ဟိုပုံး ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ယနေ့ဟာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ “World Environment Day” ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူကာ အခမ်းအနားကို လက်ခံကျင်းပလျက်ရှိသလို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင်လည်း နှစ်စဉ်လှည့်လည်ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်မှာဆိုရင် ၅၁ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ကောင်းမွန်အောင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမဖြစ်စေရေးကို အလေးထားဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ၁၉၇၂ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇွန်လ (၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ခဲ့ပါ ကြောင်း၊ လူသားများရှင်သန်ရပ်တည်မှု၊ လှုပ်ရှားဆောင်ရွက်မှုများကြောင့်ဖြစ်လာသော အကျိုးဆက်များဖြစ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ လူဦးရေတိုးတက်များပြားလာခြင်းကဲ့သို့သော သိသာထင်ရှားသည့် အကြောင်းအရာ များကို လူသားတို့သတိပြုသိရှိစေရန်၊ အလေးထားနိုင်စေရန်နှင့် ကမ္ဘာ့မြေကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ယခုဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေများကို အများပြည်သူတို့သိရှိစေရန်အတွက် ရပ်ကွက်/ကျေးရွာများအထိပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသလို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်း၊ အသိပညာပေးမှုများကို လက်ကမ်းစာစောင်များဖြန့်ဝေပြီး အထိမ်းအမှတ်ပွဲများ၊ ရုံးစိုက်ရာ တိုင်း/ပြည်နယ်/မြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ် ဆောင်ရွက်လျက်ရှိတာကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဦးတည်ကြိုးပမ်းအားထုတ်ပေးရန် တိုက်တွန်းထားနဲ့ ဆောင်ပုဒ်ကတော့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေး” (Land restoration, desertification and drought resilience) ဖြစ်ပါကြောင်း၊ သဲကန္တာရဖြစ်ထွန်းမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်ပြီး စားနပ်ရိက္ခာများရှားပါးခြင်း၊ ရေချိုသယံဇာတများရှားပါးလာခြင်း၊ အပင်မျိုးစိတ်များပေါက်ရောက်ရှင်သန်မှု နည်းပါးလာသဖြင့် မြေဆီလွှာအစိုဓာတ်များလျော့နည်းလာခြင်း၊ ပူပြင်းခြောက်သွေ့ပြီးသက်ရှိ ဂေဟစနစ်များအပေါ် ထိခိုက်ခြင်း အစရှိသည့်အကျိုးဆက်များကို ဖြစ်ပေါ်လာစေပါကြောင်း၊ သဲကန္တာရဖြစ်ထွန်းလာမှုများ၏ အဓိကအကြောင်းအရင်းများအနေဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်း၊ မြေသယံဇာတများအလွန်အကျွံသုံးစွဲခြင်းနှင့် မြေယာစီမံခန့်ခွဲမှုလွဲမှားခြင်းများ၊ သစ်တောပြုန်းတီးခြင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် စားကျက်မြေများအလွန်အကျွံချဲ့ထွင်ခြင်း၊ သင့်လျော်မှုမရှိသော ရေသွင်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သီးနှံများအလွန်အကျွံစိုက်ပျိုးခြင်း၊ မြေဆီလွှာတိုက်စားမှု များဖြစ်ပေါ်ခြင်း၊ ပူပြင်းခြောက်သွေ့သည့်ဒေသများတွင် လူဦးရေတိုးပွားလာသည့်အတွက် မြေသယံဇာတများအပေါ်အလွန်အကျွံမှီခိုရခြင်း၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် ဆင်းရဲမှုများကြောင့် သစ်တောများအတွင်း တရားမဝင်သစ်ခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့်ရေသယံဇာတများ အလွန်အကျွံသုံးစွဲခြင်း၊ ယုတ်လျော့ပျက်စီးနေသည့် မြေဆီလွှာအဆင့်အတန်းများနှင့် မိုးခေါင်ရေရှားပါးမှုနှင့် စနစ်မကျသည့် သတ္တုတူးဖော်ြခင်းအစရှိသည့် လုပ်ငန်းများကြောင့် ဖြစ်ပါကြောင်း၊ ယုတ်လျော့ပျက်စီးနေသည့် မြေဆီလွှာအဆင့်အတန်းနှင့် မိုးခေါင်ရေရှားပါးမှု၊ ပူပြင်းခြောက်သွေ့မှုများကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား လူတစ်ဦးတစ်ယာက်ချင်းစီတိုင်းက မိမိတို့တတ်နိုင်သည့် သေးငယ်သော အပြုအမှုများမှအစပြု၍ နိုင်ငံတကာအဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအထိ အတူအကွ ပူးပေါင်းပါဝင်ဆောင်ရွက်ထိန်းသိမ်းမှသာ ကောင်းမွန်သော မြေဆီလွှာနှင့်ရေသယံဇာတများကို ရေရှည်စဉ်ဆက်မပြတ်ရရှိနိုင်မှဖြစ်ပါကြောင်း၊ ဒါ့အပြင်အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအထိ ကဏ္ဍအားလုံး ပူပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်၏အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပေါင်းစပ်ဆောင်ရွက်သွားရန်၊ မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်လုပ်ရောင်းချနေမှုကို ဆောင်ရွက်ခြင်းမပြုကြရန်နှင့် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုကိုလျှော့ချပြီး တိုင်းပြည်၏ အရင်းအမြစ်အဖြစ်ထိန်းသိမ်းထားရန်၊ ရာသီဥတုပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ ကျေးရွာပိုင် ထင်းစိုက်ခင်းများတည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသရှိ ဒီရေတောများ၊ ထိန်းသိမ်းရေးတို့ကို အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် အမှိုက်စွန့်ပစ်သည့်စနစ်နှင့် အမှိုက်သိမ်းဆည်းသည့် စနစ်တို့ကို ပိုမိုကောင်းမွန်လာစေရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြို့နယ်အတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ ပတ်ဝန်းကျင်ရေးရာကဏ္ဍကို အလေးထားဆောင်ရွက်ခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) မှပေးပို့သည့် Video Clip များကို ပရိုဂျက်တာဖြင့်ပြသသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရသစ်ပင်များကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က အမှတ်တရသစ်ပင်များကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်း သူများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အမှတ်တရသစ်ပင်များကို စန်းစုတ်အခြေခံပညာအထက် တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အမှတ်တရသစ်ပင်များကို ထူးမြတ်အိမ်ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)