သရက်မြို့၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

သရက် ဇွန် ၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ခုခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြို့ကြီးများမှာ ကျင်းပလျက်ရှိပါတယ် မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ကျင်းပဆောင်ရွက်နေပါတယ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံက ပတ်ဝန်ကျင်ရှိ လူသားတွေ၏ လူနေမှုဘဝအဆင့်အတန်းတွေ တိုးတတ်မြင့်မားလာစေဖို့အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြရာ စက်မှုတော်လှန်ရေး နောက်ပိုင်းကာလများမှစ၍ လူမှုစီးပွားတစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေမဲ့လည်း ၁၉၅၀ ကျော်နှစ်များမှစ၍ သဘာဝပတ်ဝန်းကျင်ယိုးယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို သိသိသာသာရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် သဘာဝပတ်ဝန်းကျင် ရေရှည်ရန်အတွက် အလေးထားဆောင်ရွက် သတိပြုမိရန်လိုနေကြောင်း သတိပြုမိခဲ့ကြကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယနှင့် တတိယဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများ ချီးမြှင့်ပေးခဲ့ရာ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများက လက်ခံပေးခဲ့ပြီး ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်စိုပြည်သောကျောင်းဆုရရှိသည့် ကံမမြို့နယ် အခြေခံမူလတန်းကျောင်း အုတ်သျှစ်ကုန်းမှစာသင်ကျောင်းအား ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူက ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်