နောင်ချိုမြို့နယ် Community Centre ၌ Book Club အဖွဲ့များ စာဖတ်ဝိုင်း ပြုလုပ်

နောင်ချို ဇွန် ၅        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက်  စာပေချစ်မြတ်နိုးသူများအသင်း (B00k Club) ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်သန်း၊ ဦးမြို့ကျော်တို့က စာအုပ်တွင်ပါရှိသော မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း (Youth Club)တို့ဖြင့် အသိပညာပေး စာဖတ်ဝိုင်းများကို တစ်လလျှင် (၁) ကြိမ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

ထွေးငယ်(ပြန်/ဆက်)