Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်မရော၌ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ဧက(၅၆၀၁၂)စိုက်ပျိုးရန်လျာထား
Jun 14,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးဧက(၅၆၀၁၂)အား လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအနေဖြင့် မြေပြင်ပြီး ဧက(၁၅၉၀၀)ကျော်ရှိပြီးဖြစ်၍ စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန် ဆည်ရေသောက်စနစ်နှင့် ချောင်းပိတ်၊ မြောင်းပိတ်စနစ်ဖြင့် စိုက်ပျိုးရာသီတွင် အဆင်သင့်ဖြစ်စေရေးအတွက်ပျိုးထောင်ပြီး ဧကပေါင်း(၈၆၀)ဧကရှိပြီး မြေပြင်တွင်စိုက်ပျိုးပြီး ဧကမှာ(၄၇၀၄)စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ Book Club အသင်းနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Jun 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန် စာစုများ(၁)”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ခုံကြီးတံတားတည်ဆောက်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး
Jun 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၇၂၇.၇၇၈)ဖြင့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးတံတား(၂၂၀ပေ)ဒုတိယပိုင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ တာဝန်ရှိသူများက ဇွန်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ
Jun 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်ကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ ရွှေကန်ရာမဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 14,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ နေ့လယ်(၁၂)နာရီက မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Jun 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီဆွဲပြိုင်ပွ…
Jun 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီဆွဲပြိုင်ပွဲအား ယမန်နေ့မွန်းလွဲ(၂)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ
Jun 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5806
Page
5807
Page
5808
Page
5809
Current page
5810
Page
5811
Page
5812
Page
5813
Page
5814
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department