ကွန်ဟိန်း ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီဆွဲပြိုင်ပွဲအား ယမန်နေ့မွန်းလွဲ(၂)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ကြိုက်ပန်းချီဆွဲခြင်းများအား ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲအား ကျောင်းသား၊ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)