Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Jun 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးပိုမိုနားလည်စေရန်၊ ပြည်သူလူထုကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိူရန် ပျိုးပင်မျိုးစုံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပ
Jun 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာရှိဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ
Jun 14,2024
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမြင့်စိုးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စိတ္တသုခကျောင်းတိုက်၊ ဓမ္မာရုံသို့ ယမန်နေ့နံနက် ၁၁ နာရီကရောက်ရှိကာ ဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 14,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိသဘောပေါက်လိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက မြို့လုလင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အသိ ပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ
Jun 14,2024
ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအပါအဝင် ဌာနမှကောက်ခံလျက်ရှိသောအခွန်အရပ်ရပ်နှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ထမ်းဆောင်ရမည့်လုပ်ငန်းများအပေါ် အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်၌ မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 14,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီးမှကြီးမှုး ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဗိုလ်မူးကြီး စိုးဝင်း ရဲချုပ်(ငြိမ်း)၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး (ငြိမ်း) မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဗဟိုအလုပ်မှုဆောင် ဒေါက်တာ အောင်သော်၊
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲ၌ စေတနာရှင်အလှူရှင်များနှင့် စွမ်းစွမ်းတမံဆောက်ရွက်ခဲ့ကြသော ကရုဏာရှင်ကြက်ခြေနီများအား ဂုဏ်ပြု…
Jun 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသော အလှူရှင်များနှင့် စွမ်းစွမ်းတမံဆောက်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအားဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲ TTO ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ဘောလုံးအသင်းအား အောင်နိုင်…
Jun 14,2024
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5804
Page
5805
Page
5806
Page
5807
Current page
5808
Page
5809
Page
5810
Page
5811
Page
5812
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department