သာပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

သာပေါင်း ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။

အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လမ်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှုမရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားခဲ့သည်။ ထို့နောက် ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ့်နင်းရေးလုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း(မိခင်နှင့်ကလေးကျောင်းကျန်းမာ အာဟာရ)နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ရေတွင်း၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ့်နင်းရေးလုပ်ငန်းများ‌ကို စဉ်ဆက်မပျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း