အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကျိုင်းတုံခရိုင် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း၍ စိုက်ပျိုးရေးတောင်သူများအား မိုးစပါးသီးနှံအာမခံ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၁၃ ရက်က  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ကျင်းပခဲ့သည်။
Jun 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၂၆)၊ (၁၅၅)ရပ်ကွက်နှင့် မလစ်(အရှေ့)ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 14,2024
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်ပန်းချီပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ  တောင်သူဦးဝင်းထွန်း၏ လယ်ကွင်းအမှတ် ၈၁၃ ဦးပိုင်အမှတ် ၆၈(က) လယ်မြေ၌ ယမန်နေ့နံနက်ပိုင်းက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။
Jun 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖြစ်သည့် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ကလိန်ကျေးရွာအုပ်စု၊ ကလိန်ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှကြီးမှူး၍ မိသားစုစည်းရုံးရေးကော်မတီမှ စာပေဆွေးနွေးပွဲ (၉/၂၀၂၄)ကိုပြုလုပ်သည်။
Jun 14,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ဧက(၁၅၃၈)ဧကအတွက် မြို့နယ်သမဝါယမဦးစီး ဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရန် ငွေကျပ် (၃၀၇.၆)သန်းနှင့်ညီမျှသော သွင်းအားစုများနှင့် မျိုးစပါးများကို ယမန်နေ့နေ့လယ်ပိုင်းက  မြို့နယ်သမဝါယမအသင်းစုရုံးတွင် မတည်ထုတ်ချေးပေးအပ်ခဲ့ကြသည်။