ပေါင် ဇွန် ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ နေ့လယ်(၁၂)နာရီက မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ပေါင်ရပ်ကွက်၊ ကဒါရပ်ကွက်၊ ကဒုံစီးရပ်ကွက်ရှိ စတိုးဆိုင်များသို့ သွားရောက်ကာ အသင့်စားခေါက်ဆွဲခြောက်များတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မူရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လိုက်လံစစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)