အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က အ.မ.က(၁၂၇) ငွေဆောင်နှင့် အ.မက(၂၀၁) ငွေဆောင်စာသင်ကျောင်းတို့၌ လည်းကောင်း၊ ယနေ့နံနက်(၁၀း၀၀)နာရီက အ.ထ.က(ငွေဆောင်) စာသင်ကျောင်း၌လည်းကောင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး​ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းစသည့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းက ငဝန်ရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့်ဘုန်းကြီးကျောင်းများ၌ လိုက်လံစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြသည်။
Jun 13,2024
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Jun 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်‌စာရင်းကောက်ယူရေးအသိပညာပေး(Bill Board) စိုက်ထူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဝန်ထမ်းများတို့က အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအေခြပြုဗဟိုဌာန၌ ကျင်းပသည်။
Jun 13,2024
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး တောင်သူများအား နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေးဦးစီးဌာန  ဝန်ထမ်းများအား မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့က ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။