Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ်တွင် မိုးရာသီအကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (ဂိုးလတ်ဘောလုံးပြိုင်ပွဲ) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးရာသီအကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (ဂိုးလတ်ဘောလုံးပြိုင်ပွဲ) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲကို ရီးရဲလ်အသင်းနှင့် ကောင်းလိုက် (က)အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ ကောင်းလိုက် (က) အသင်းမှ (၂)ဂိုး၊ ရီရဲလ်အသင်းမှ (၁)ဂိုးရရှိသောကြောင့် ကောင်းလိုက်(က) အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်တွင် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 16,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) ၏ AML / CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေး သင်တန်း…
Jun 16,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) ၏ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အိမ်ခြံမြေအကျိုးဆောင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်လုပ်ကိုင်သူများအား အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 16,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်လုပ်ကိုင်သူများအား အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်/ခရိုင်အဆင့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီရေးနှင့် အထွက်နှုန်းတိုးရေးဆောင်ရွက်
Jun 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌(၂၀၂၄-၂၀၂၅)ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၁၅၁၁၈၇)ဧကလျာထားပြီး လျာထားစိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းကောင်းရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ
Jun 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (မြစန္ဒီ)ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချပေး
Jun 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံအိမ် ထောင်စုများအား ယမန်နေ့ နံနက်က စားအုန်းဆီတစ်ပိသာ ၅၈၈၁ ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Jun 16,2024
မွန်ပြည်နယ်၊ မော်လမြိုငါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5774
Page
5775
Page
5776
Page
5777
Current page
5778
Page
5779
Page
5780
Page
5781
Page
5782
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department