အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း၊ လမ်းဘေးဝဲယာ (၄ ဒဿမ၅)ကီလိူမီတာ၌ ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ရှိန်းအောင်၊ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ အမှတ်(၁၀၁၅)နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဝင်းနိုင်စိန်နှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တာပေါင်ကျေးရွာနှင့် အောက်ရေပူကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။
Jun 16,2024
ပဲခူးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မင်းကြီးညိုလမ်း၊ (၁၉)ရပ်ကွက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အ‌ခြေခံပညာဦးစီးဌာန‌ရှိကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းသင် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြင့်မွမ်းမံသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် နယ်မြေအလိုက် သက်ဆိုင်ရာကျောင်းများတွင် ယ‌မန်နေ့နံနက် (၉)နာရီအချိန်တွင် ဆွေးနွေးခြင်းသင်တန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
Jun 16,2024
မွန်ပြည်နယ်၊‌ မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၁၄)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းသူဦးဆောင်၍ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 16,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပထမအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။