အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့အဝင်အထွက် ဘုရားလမ်းထိပ်တွင် ဆောင်ရွက်ခဲ့သည်။
Jun 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက  အ.ထ.က (ရွှေလှေ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2024
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦး‌သောင်းမိုးနှင့် ဝန်ထမ်းများလိုက်ပါလျက် အမှတ်(၂၇)ရပ်ကွက်‌(လှော်ကား)ရှိ ယာယီရွှေ့ပြောင်းနေထိုင်သူမိဘပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။
Jun 16,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ယန္တရား)ဝင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုများ  အတူတကွ တက်‌ရောက်စိုက်ပျိုးကြသည်။
Jun 16,2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
Jun 16,2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Jun 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ‌ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့မရပ်ကွက်ရှိ နယ်မြေခံတပ်နယ်ဝင်းအတွင်း၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 16,2024
မန္တ​လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ယမန်နေ့နံနက် (၁၀)နာရီက မစိုးရိမ်ကျောင်းတိုက်အတွင်း သံဃာတော်များအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။