နောင်ချို ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ဇွန်လ(၁၅)ရက်နေ့က ရွှေပြည်ညွှန့်ကျေးရွာနှင့် ပြေသာကုန်းကျေးရွာများသို့ သွားရောက်၍အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေသိုလှောင်သည့် အိုးခွက်များ၊ ရေပီပါများ၊ ရေလှောင်ကန်များ၊ ရေပုံးများတွင် အဘိတ်(Abate)ဆေးခတ်ခြင်း၊ ရေတင်ကျန်နိုင်သည့်စွန့်ပစ်ထားသော အိုးပုတ်ခွက်စုတ်များ၊ တာယာဟောင်းများ၊ ဘက်ထရီဟောင်းများ၊ ဝါးငုတ်၊ သစ်ခေါင်း၊ ရေမြောင်းများ၊ ဘုရားပန်အိုးများစသည့် ခြင်ကျား၊ ပိုးလောက်လန်း ပေါက်ဖွားနိုင်သည့်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများသို့လည်း နေ့ရက်အလိုက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်