အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးစပါးတင်း(၁၀၀)အထက်ထွက်ရှိရေးနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ  တောင်သူပညာပေးနည်းပညာဆွေးနွေးပွဲကို ကတ်တောင်အုပ်စု၊ ဟွေပွန်ကျေးရွာ၌ ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပသည်။
Jun 17,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမရပူရခရိုင် ပညာရေးမှူးရုံးနှင့်ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပေါင်းနားရပ်ကွက် မင်းဘူးစလင်းသွား ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ စိုက်ထူခဲ့သည်။
Jun 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီက ရုပ်ပုံစာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။
Jun 17,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး "ဥတုရာသီ တောကိုမှီ" ဆိုသည့်အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ ရေမြေတောတောင်များပျက်စီးမှု၊ လျော့ကြမှုအန္တရာယ်တို့ကို ကြိုတင် ကာကွယ်ရန်နှင့် ရာသီဥတုမျှတကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဌာနဆိုင်ရာများမှ မိုးရာသီတွင် မိမိတို့ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးလိုသည့် နေရာများ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 17,2024
ရန်ကုန်မြို့မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆရာဝန်ကြီးများသည် လားရှိုးမြို့သို့လာရောက်ကာ အခမဲ့ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။