ကျိုင်းတုံ ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့က ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်နှင့် ဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်တို့က အခွန်ကောက်ခံရသည့်ရွည်ရွယ်ချက်များအကြောင်းနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ အဆိုပါအခမ်းနားသို့ လုပ်ငန်းရှင် ၈၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)