ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပျော်ဘွယ် ဇွန် ၁၇

ပျော်ဘွယ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီအချိန်က ကျီနီကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအနီးတွင် ပျော်ရွှင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခင်မောင်ညွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရမည်းသင်းခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးအေးချမ်းမောင်နှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပိတောက် (၃၀၂) ပင်၊ ယူကလစ် (၃၀၂) ပင်တို့ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလိုသူများရှိပါက မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက်ထုတ်နိုင်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)