ရန်ကုန်မြို့မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆရာဝန်ကြီးများ လားရှိုးမြို့တွင် လာရောက်ကုသပေးမည်

လားရှိုး ဇွန် ၁၇

ရန်ကုန်မြို့မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆရာဝန်ကြီးများသည် လားရှိုးမြို့သို့လာရောက်ကာ အခမဲ့ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးကုဆရာဝန်ကြီးများသည် လားရှိုးမြို့တွင် ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ အခမဲ့ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မျက်စိအတွင်းတိမ်ခွဲစိတ်ကုသရမည့် လူနာများလည်း လာရောက်ကုသနိုင်ကြောင်း သိရသည်။

မျက်စိအတွင်းတိမ်လူနာများသည် ကြိုတင်စစ်ဆေးမှုခံယူနိုင်ရန် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ လားရှိုးပြည်သူ့ဆေးရုံကြီး မျက်စိကုသဆောင်သို့ လာရောက်ကာ ကြိုတင်ပြသနိုင်ကြောင်း  အသိပေးထုတ်ပြန်ချက်အရ သိရသည်။

စိုင်းထွန်း(လားရှိုး)