အမရပူရမြို့နယ်၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

အမရပူရ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမရပူရခရိုင် ပညာရေးမှူးရုံးနှင့်ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ခရိုင်ပညာရေမှူး ဒေါ်ခင်စန်းဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းတို့က အဖွင့်အမှာစကားများ​ပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်တင်တင်လှက အမရပူရမြို့နယ်အတွင်းမှ တက်ရောက်လာသည့် ဆရာမ ၄၀ ဦးကို အခမ်းအနားမှူးနှင့်ပတ်သက်သည့် ပညာရပ်တို့ကို ပို့ချပေးခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားမှူးသင်တန်းကို တက်ရောက်လာသည့် ဆရာမများကို စာတွေ့၊ လက်တွေ့ ၄ ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)