လဲချားမြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်​များစိုက်ပျိုးထားရှိ

လဲချား ဇွန် ၁၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး "ဥတုရာသီ တောကိုမှီ" ဆိုသည့်အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ ရေမြေတောတောင်များပျက်စီးမှု၊ လျော့ကြမှုအန္တရာယ်တို့ကို ကြိုတင် ကာကွယ်ရန်နှင့် ရာသီဥတုမျှတကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဌာနဆိုင်ရာများမှ မိုးရာသီတွင် မိမိတို့ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးလိုသည့် နေရာများ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် လမ်းဦးစီးဌာန၊ ပြန်/ဆက်၊ စီမံကိန်း၊ ဆက်သွယ်ရေး၊ လူမှုဝန်ထမ်း၊ စာရင်းစစ်၊ မီးသတ်စသည့် ဉီးစီးဌာနများမှ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ မျောက်ငိုပင် စုစုပေါင်း (၅၀၀)ခန့်တို့ကို လဲချား-ခိုလမ်၊ လဲချား-မိုင်းနောင် လမ်းအပိုင်းတို့နှင့် မိမိတို့ စိုက်ပျိုးလိုသည့် အဝိုင်းအဝန်းတို့၌ စိုက်ပျိုးခဲ့ကြောင်းနှင့် ဒေသခံမိဘပြည်သူများအနေနဲ့ စိုက်ပျိုးလိုသည့် ပျိုးပင်များအား လဲချားမြို့ သစ်တောဦးစီးဌာနတွင် (အခမဲ့) လာရောက်ယူနိုင်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရ သည်။

လဲချား (မြို့နယ် ပြန်/ဆက်)