အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် လှိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လှိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လှိုင်မြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနတွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Jun 17,2024
ဌာနဆိုင်ရာအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများ မိမိတို့၏ဌာန၊ အဖွဲ့အစည်းများ၏ ဆောင်ရွက်နေမှုလုပ်ငန်းများကို ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ သတင်းရေးသားထုတ်ပြန်နိုင်စေရန်၊ သတင်းသဘောတရားကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အခြေခံသတင်းရေးသားခြင်းကို တတ်မြောက်နိုင်စေရန်ရည်ရွယ်၍ အခြေခံသတင်းရေးသား နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ငရုတ်၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေး နှမ်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jun 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း စားသုံးဆီ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီ၊ ရောနှောဆီများ၏ အရည်အသွေးများ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက် ရေပေါ်ဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 17,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်သာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။