အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ‌ယနေ့နံနက်(၇)နာရီက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပခဲ့သည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စောင်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့်  စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှင်စောပုရပ်ကွက် စံပယ်ဂူလမ်းဟောင်းရှိ တောင်သူ ဦးဖေသန်း၏ လယ်မြေ၌  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Jun 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲကို ဇွန်လ ၂၁ ရက် ယနေ့နံနက် (၉)နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမတွင် ကျင်းပသည်။
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယုလမ်းမပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း မြတ်ဆရာခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲ  ယာဥ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဆောင်ရွက်ခဲ့သည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းတွင် ကျင်းပခဲ့သည်။