မိုင်းနောင် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းသင်ခန်းစာများသာမက ပြင်ပဗဟုသုတများတိုးပွားစေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အနာဂတ် သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းရှိအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ဗလငါးတန်ခေါင်းစဉ်ဖြင့် ပါ၀င်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)