သရက် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/ကျောင်းသူများက စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သရက်ခရိုင်ပညာရေးမှူး ဦးကျော်ဦးက အတက်ပညာ၊ ကျွမ်းကျင်အာင်လုပ်ပြီး ထူးချွန်တဲ့ ကျောင်းသား/ကျောင်းသူများဖြစ်အောင် သင်ယူကြရန်ပြောကြားပေးခဲ့သည်။
ထို့နောက်သရက်ဂျီတီစီကျောင်းအုပ်ကြီး ဒေါက်တာကျော်စံဝင်းက ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်အားပေးစကားပြောကြားပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်စကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာခင်ဌေးမြင့်ကကြိုဆို နှုတ်ဆက်စကားပြောကြားပေးခဲ့ပြီး Grade-11 ကျောင်းသား မောင်သူထံစံက ကြိုဆိုနှုတ်ဆက် စကားပြောကြား ပေးခဲ့၍လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဝေယံကျော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ပြီး စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဂီတရသဖြင့် ဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။
ဇော်ထက်(သရက်)