ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ကဝ ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ‌ယနေ့နံနက်(၇)နာရီက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများအားစနစ်တကျရှိစေရန် (၃) ပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ရာတွင် ဇွန်လ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက်(၇)နာရီမှ နေ့လယ်(၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ကဝမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိပြီး၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း  မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)