ကျိုက်မရော၌ စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျိုက်မရော ဇွန် ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့်  စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှင်စောပုရပ်ကွက် စံပယ်ဂူလမ်းဟောင်းရှိ တောင်သူ ဦးဖေသန်း၏ လယ်မြေ၌  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

စပါးမျိုးစေ့ချကိရိယာဖြင့် ဆင်းသုခ စပါးများအား လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးကျော်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပံပိုးကူညီပေးခဲ့ကြသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါး စိုက်ကာလ၌အဆင်ပြေစွာ အချိန်မီစိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးနှင့်တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံဖြိုးတိုးတက်စေရန် ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူ ၅၀ဦးတို့အတွက် မျိုးစေ့ချကိရိယာများ အခမဲ့ထောက်ပံပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)