Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်ချောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး-သွန်-လဲ-စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများဆောင်ရွက်
Jun 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တာဝန်ရှိသူများက ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေး ခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာန၌ လူထုဖြန့်ဝေမည့် သစ်ပင်ပျိုးပင်များ ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိ
Jun 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်မျှတရေးနှင့် ဒေသခံပြည်သူများ ထင်းလောင်စာဆီရရှိရေးအတွက်ရည်ရွယ်၍ သစ်တောဦးစီးဌာန၏ မြို့မပျိုးဥယျဉ်၌ လူထုထံဖြန့်ဝေမည့် သစ်ပင်ပျိုးပင်ပေါင်း ၂၂ဝဝဝ အား မြို့မပျိုးဥယျဥ်တွင် ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုဆောင်ရွက်
Jun 21,2024
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီကာလဖြစ်သည့်အတွက် ဖြစ်ပွားတတ်သောရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ယူတတ်မြှောက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ KG မှ Grade-11 ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန ရွှေနော်သီရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇွန်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိလွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်
Jun 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၄)ပြုလုပ်
Jun 21,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ-ရိုမန်)အက္ခရာ နှစ်မျိုးဖြ…
Jun 21,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်ကြီးများနှင့်ဘုန်း တော်ကြီးကျောင်းများသို့ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ-ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်စာအုပ်များ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ရပ်ကွက်ရှိ ဇေယျဝတီစာသင်တိုက်ကြီးတွင် လှူဒါန်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5692
Page
5693
Page
5694
Page
5695
Current page
5696
Page
5697
Page
5698
Page
5699
Page
5700
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department