အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က၊ ကြံခင်းမြို့နယ်၊ မြောက်မြန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၇) တွင် ကျင်းပပြုလုပ်သည်။
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမအနီး၊ ထောင်တလုတ်ပိုင်၊ ဘဲတန်းတံတား၊ မအူချောင်းအတွင်းသို့  ငါးမျိုးစိုက်ထည့်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
Jun 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မိုးရာသီပညာရေးဌာန စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မြို့မ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်၊၊