အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ဩဂုတ်လအတွင်း ဆောင်ရွက်ရမည့် အသက်(၁၈)နှစ်နှင့်အထက်မူကြမ်းစာရင်းများစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ညောင်ဦးမြို့နယ်)ရုံးတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။  
Jun 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိသည်။
Jun 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၈:၃၀) နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစား မိဘပြည်သူများအား ယနေ့ နံနက် (၈)နာရီမှ စတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပရာ အ.ထ.က (မင်းတုန်း)မှ ကျောင်းသား/ကျောင်းသူ (၁၅၁)ဦး တက်ရောက်ခဲ့ကြသည်။