Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တိုက်ကြီးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများပေးအပ်ပွဲ ကျင်းပ
Jun 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ဖွံဖြိုးတိုးတက်မှုများအား ကြည့်ရှုစစ်ဆေး
Jun 22,2024
ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသည် ဧရိယာအားဖြင့် (၉၂၈ ဒဿမ ၉၃)ဧက ကျယ်ဝန်းပြီး မြေကွက်ပေါင်း ၅၄၀၀ ကျော် ဖော်ထုတ်အကောင်အထည်ဖော်ခဲ့ရာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်း၊ ဈေး၊ ပန်းခြံ၊ အဝေးပြေးယဉ်ရပ်နားစခန်း၊ အားကစားကွင်း၊ သုဿာန် စသည်ဖြင့်ပါဝင်ပြီး ယခုအခါ လူနေအိမ်ပေါင်း ၃၁၀ ကျော် ဆောက်လုပ်ပြီးစီးနေထိုင်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်၊ ကျောင်းသား/ ကျောင်းသူများ၊ ဌာနဆိ…
Jun 22,2024
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ မိုးစပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jun 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ မှော်ဘီ (၃) မျိုးစပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက ကျုံကန်ကျေးရွာ၊ ကွင်းအမှတ် ၆၃၈ ၊ ဦးပိုင် (၂၅) တောင်သူဦးဝင်းမြင့်၏ လယ်မြေ (၃)ဧက ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် စပါးခွံမြေဩဇာ လယ်ကွက်အတွင်း ထည့်သွင်းခြင်းဆောင်ရွက်
Jun 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါးဧက အထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝမြေဩဇာ လယ်ကွက်အတွင်း ထည့်သွင်းခြင်း အခမ်းအနားအား ဘိုကလေးမြို့နယ်၊ သာပေါင်း ကျေးရွာအုပ်စုရှိတောင်သူ ဦးစံသောင်း၏ ကွင်းအမှတ်(၆၇၀)၊ ဦးပိုင်အမှတ်(၇၂) လယ်ယာမြေတွင် ယနေ့နံနက်(၉)နာရီ၌ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jun 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်
Jun 22,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု အစီအစဉ်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
Jun 22,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ ဆေးကုသမှုအစီအစဉ်ကို ဇွန်လ ၂၂ ရက်နေ့က မုရစ်ကလေး တိုက်နယ်ဆေးရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5678
Page
5679
Page
5680
Page
5681
Current page
5682
Page
5683
Page
5684
Page
5685
Page
5686
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department