အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသ ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၄ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် (၈း၀၀) နာရီအချိန်က မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
Jun 23,2024
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အလုပ်အကိုင် အခွင့်လမ်းများ ပိုမိုရရှိစေရန်နှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းပြီး‌ သင်္ဘောသားလုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကုန်းပတ်သင်္ဘောသား အခြေခံ လက်တွေ့သင်တန်း အမှတ်စဉ်(၁)၊ (အခမဲ့) သင်ကြားခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
Jun 23,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုရာသီသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက သာစည်မြို့လေဘာတီဂေါက်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 23,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းစာကြည့်တိုက်လှုပ်ရှားမှုအဖြစ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်က ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိခဲ့သည့် ပုပ္ပါရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကုသလ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် မှော်အိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် တောကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာစာရ ဆရာတော်ကြီးများအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁၂) နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရာဝါသကျောင်းဆောင်သစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဝန်ဆောင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
Jun 23,2024
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၂)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။