Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင် ၈၀၀ ပင် စိုက်ပျိုး
Jun 23,2024
“အောက်ဆီဂျင်ပြည့်ဝရရှိဖို့သစ်ပင်စိုက်ပျိုးစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ရည်ရွယ်ချက်ထားရှိကာ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တော၊သစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့်စိတ်ဓာတ်ဖြစ်ပေါ်လာစေရန်အတွက် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)နှင့် Rohto Metholatum (Myanmar) Co.ltd တို့ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)လမ်းမကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းဝင်းအတွင်း ယမန်နေ့နံနက်၈နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 23,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်း(၃)စီမံချက် ကွင်းဆင်းဆောင်ရွက်
Jun 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်း(၃)စီမံချက်အရ လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်းကျောင်း၌ ကွင်းဆင်း၍ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲ ကျင်းပ
Jun 23,2024
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားအဖွဲ့အား ဂု…
Jun 23,2024
၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားအဖွဲ့အား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီက ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင်များ စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jun 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင်များ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါရုံးဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အားကစားခန်းမအတွင်း ခင်းကျင်းပြသသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ခါးလှည့်ကွင်း အားကစားနည်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင…
Jun 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5675
Page
5676
Page
5677
Page
5678
Current page
5679
Page
5680
Page
5681
Page
5682
Page
5683
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department