Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီပေါမြို့နယ်၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပပြု…
Jun 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ MSMEs ချေးငွေဖြင့် အကောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိသော ဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jun 22,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် MSMEs ချေးငွေဖြင့် အကောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိသော စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်ရှိ မြသုခဆီစက်လုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
Jun 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်
Jun 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ် ( ၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် မြို့ပေါ်ရပ်ကွက်(၃)ခုတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်
Jun 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ လမ်းများမှ လူနေအိမ်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် နယုန်လပြည့် မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ
Jun 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း နယုန်လပြည့် မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး
Jun 22,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ (၁၇)ရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2024
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိ လူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြည်ရေးကို အထောက်အကူပြုသလိုသာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ပဲခူး၊သနပ္ပင်၊ခရမ်း၊ သန်လျင်ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5682
Page
5683
Page
5684
Page
5685
Current page
5686
Page
5687
Page
5688
Page
5689
Page
5690
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department