မိတ္ထီလာမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်

မိတ္ထီလာ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ မိသားစုစည်းရုံးရေးကော်မတီ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁ ဦးအား ၈ဝဝဝဝ ကျပ်၊ ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၁ ဦးအား ၆ဝဝဝဝ ကျပ်၊ ရိုးရိုးအောင်မြင်ခဲ့သူ ၁ ဦးအား ၁ဝဝဝဝ ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးများအဖြစ် တက္ကသိုလ်အဆင့် ၁၉ ဦးအား ၁ ဦးလျှင် ၁၅ဝဝဝကျပ်၊ အထက်တန်းအဆင့် ၉ ဦးအား ၁ ဦးလျှင် ၁၂ဝဝဝ ကျပ်နှင့် ဗလာစာအုပ် ၁ ဒါဇင်၊ အလယ်တန်းအဆင့် ၁၁ ဦးအား ၁ ဦးလျှင် ၁ဝဝဝ၀ ကျပ်နှင့် ဗလာစာအုပ် ၁ ဒါဇင်၊ မူလတန်းအဆင့် ၃၄ ဦးအား ၁ ဦးလျှင် ၈ဝဝဝ ကျပ်နှင့် ဗလာစာအုပ် ၁ ဒါဇင်တို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ