Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းတုန်းမြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Apr 09,2024
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်သူအားလုံး ပါဝင်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ (၄၁) ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဌဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Apr 09,2024
ဒိုက်ဦးမြို့နယ်၌ (၄၁) ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဌဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ဦးကျောင်းတိုက် ပရိယတ္တိအောင်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နှစ်သစ်အတာသင်္ကြန်ဖလား ဆုပေးပွဲအခမ်းအနား ကျင်းပ
Apr 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နှစ်သစ်အတာသင်္ကြန်ဖလားတွင် ဆုရရှိခဲ့သော အဖွဲ့များအား ဆုပေးပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ မြို့နယ်ရဲမှူးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၊ ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲသို့ သွားရောက်၍ သာသနာ့ဘောင်သို့ သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများကို အရုဏ်ဆွ…
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၊ ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲသို့ သွားရောက်၍ သာသနာ့ဘောင်သို့ သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများ အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် (၄) နာရီက လမ်းမတော်လမ်းမပေါ်၌ လောင်းလှူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Apr 09,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော "အိပ်စက်ခြင်းနှင့် ကျန်းမာရေး" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့၌ ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ရှင်အပါး (၅၀၀၀)အလှူပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူ
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၌ ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူပွဲတွင် သာသနာ့ဘောင်သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေလောင်းလျာတို့အား မြို့သစ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့သစ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်မှ တာဝန်ရှိသူများ အလှူရှင်မိသားစုများက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများကို ယမန်နေ့နံနက်က လောင်းလှူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ပေါင်းတည်မြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအားပေးကာ အအေးဗူးများလှူဒါန်း…
Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သက်ကြီးဘိုးဘွား၊ ကိုယ်ဝန်ဆောင်မိခင်၊ မူကြိုကလေးများနှင့်ကာကွယ်ဆေးထိုးနှံသောကလေးများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 09,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ဈေးချိုရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အမရပူရခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနှင့် ဒေါ်မေဝါကိုကိုအဖွဲ့သည် ယမန်နေ့နံနက် ၉နာရီအချိန်က ရောက်ရှိခဲ့ပြီး သက်ကြီးရွယ်အိုအဘိုး/အဘွား (၁၅)ဦးတို့အား ကြက်ဥ၊ ငှက်ပျောသီးနှင့် ကွေကာအုပ်များ ထောက်ပံ့လှူဒါန်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးအား ကြက်ဥ၊ ဌက်ပျောသီးနှင့် ဆားများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5318
Page
5319
Page
5320
Page
5321
Current page
5322
Page
5323
Page
5324
Page
5325
Page
5326
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department